9. သင်တို့သည်သခင်ယေရှုသည်အရှင်သခင် ဖြစ်တော်မူကြောင်းကိုနှုတ်ဖြင့်ဝန်ခံ၍ ဘုရား သခင်သည်ထိုအရှင်အားသေခြင်းမှရှင်ပြန် ထမြောက်စေတော်မူကြောင်းကို စိတ်နှလုံးထဲ ၌ယုံကြည်ကြလျှင်ဘုရားသခင်သည်သင် တို့ကိုကယ်တင်တော်မူလိမ့်မည်။-
10. အဘယ်ကြောင့်ဆိုသော်ငါတို့သည်ယုံကြည် ခြင်းအားဖြင့်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ခွင့်ရ၍ နှုတ်ဖြင့်ဝန်ခံခြင်းအား ဖြင့်ကယ်တင်ခြင်းခံရသောကြောင့်ဖြစ်၏။-
11. ကျမ်းစာတော်က``မည်သူမဆိုကိုယ်တော်ကို ယုံကြည်လျှင်စိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဆိုသည်။-
12. ယုဒလူမျိုး၊ လူမျိုးခြားဟူ၍ခွဲခြားမှု မရှိတော့သဖြင့်လူတိုင်းပါဝင်၏။ ဘုရား သခင်သည်လူအပေါင်းတို့၏အရှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်အားဆုတောင်းသမျှ သောသူတို့အားကြွယ်ဝစွာကောင်းချီးပေး တော်မူ၏။-
13. ကျမ်းစာတော်က ``ထာဝရဘုရားရှင်အား ဆုတောင်းသူဟူသမျှတို့သည် ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်သတည်း။
14. သို့ရာတွင်ထိုသူတို့သည်ကိုယ်တော်ကိုယုံကြည် မှုမရှိလျှင် အဘယ်သို့ကိုယ်တော်ထံသို့ပတ္ထနာ ပြုနိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကို မကြားလျှင်အဘယ်သို့ယုံကြည်နိုင်မည်နည်း။ နှုတ်ကပတ်တရားတော်ကိုဟောပြောကြေညာ သူမရှိလျှင်အဘယ်သို့ကြားနိုင်မည်နည်း။-
15. ဟောပြောကြေညာသူများကိုမစေလွှတ် လျှင် အဘယ်သို့နှုတ်ကပတ်တရားတော်ကို ဟောပြောကြေညာနိုင်မည်နည်း။ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသည်အတိုင်း``သတင်း ကောင်းကိုယူဆောင်လာသူတို့၏ခြေတို့သည် လွန်စွာတင့်တယ်စွတကား။-''