14. ဤသို့ပြုတော်မူရခြင်းမှာပရောဖက်ဟေ ရှာယ၏ဟောကြားချက်မှန်ကန်လာစေရန် ပင်ဖြစ်သတည်း။ ပရောဖက်ဟေရှာယက၊
15. ``အို ဇာဗုလုန်နယ်နှင့်နဿလိနယ်၊ယော်ဒန်မြစ် တစ်ဖက်ကမ်း၊အိုင်လမ်းတစ်လျှောက်၊လူမျိုးခြားတို့နေထိုင်ရာဂါလိလဲပြည်၊
16. အမှောင်တွင်နေထိုင်ကြသောသူတို့သည် အလင်းရောင်ကြီးကိုမြင်ရလေပြီ။သေမင်းအရိပ်တွင်နေထိုင်ကြသူတို့၏အပေါ်သို့ အလင်းရောင်သက်ရောက်လိမ့်မည်''ဟုဟောကြားခဲ့၏။
17. ထိုအခါမှစ၍သခင်ယေရှုသည် ``နောင်တရ ကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ'' ဟုဟောကြားတော်မူ၏။