43. ကိုယ်တော်နောက်တစ်ကြိမ်ပြန်လာတော်မူသော အခါတပည့်တော်တို့သည်မျက်စိလေးလံ သဖြင့်အိပ်ပျော်လျက်နေကြသည်ကိုတွေ့ တော်မူ၏။
44. ကိုယ်တော်သည်သူတို့ထံမှတစ်ဖန်ကြွသွား တော်မူပြီးလျှင်ယခင်ကမြွက်ဆိုသည် အတိုင်းတတိယအကြိမ်ဆုတောင်းတော်မူ၏။-
45. ထိုနောက်တပည့်တော်တို့ထံသို့ပြန်လာ၍ ``သင် တို့သည်အိပ်လျက်နားလျက်ပင်ရှိနေကြသေး သလော။ လူသားကိုဆိုးယုတ်သူများလက်သို့ အပ်နှံသည့်အချိန်ရောက်လာပြီ။-
46. ထကြ။ ငါတို့သွားကြကုန်အံ့။ ငါ့ကိုရန်သူ့လက် သို့အပ်မည့်သူရောက်လာပြီ'' ဟုမိန့်တော်မူ၏။
47. ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်၌ပင်လျှင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သူယုဒသည်တုတ်၊ ဋ္ဌားကိုင်ဆောင်သူလူအမြောက်အမြားနှင့်အတူ ရောက်ရှိလာလေသည်။ ထိုသူတို့သည်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ ကစေလွှတ်လိုက်သူများဖြစ်၏။-
48. ကိုယ်တော်ကိုရန်သူ့လက်သို့အပ်နှံသူကမိမိ နှင့်လိုက်ပါလာသူတို့အား ``ငါနမ်း၍နှုတ်ဆက် သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့'' ဟု အချက်ပေးထား၏။
49. ယုဒသည်ချက်ချင်းပင်ကိုယ်တော်၏ထံသို့ချဉ်းကပ် ကာ ``အရှင်ဘုရား၊ မင်္ဂလာရှိပါစေသော'' ဟုဆို ၍ကိုယ်တော်ကိုနမ်းလေ၏။
50. သခင်ယေရှုက ``အဆွေ၊ သင်ဆောင်ရွက်ရန်လာ သည့်ကိစ္စကိုအမြန်ဆောင်ရွက်လော့'' ဟုမိန့်တော် မူ၏။လူတို့သည်လာ၍ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင် ထားကြ၏။-
51. ထိုအခါသခင်ယေရှုနှင့်လိုက်ပါသောလူ တစ်ယောက်သည်ဋ္ဌားကိုဆွဲထုတ်ပြီးလျှင် ယဇ် ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက် ရာထိုသူနားရွက်ပြတ်လေ၏။-
52. သခင်ယေရှုက ``သင်၏ဋ္ဌားကိုဋ္ဌားအိမ်သို့ပြန်သွင်း လော့။ ဋ္ဌားကိုစွဲကိုင်သူသည်ဋ္ဌားအားဖြင့်သေကြေ ပျက်စီးရလိမ့်မည်။-
53. ငါသည်ခမည်းတော်ထံမှအကူအညီတောင်းခံ လျှင်ခမည်းတော်သည်တပ်ကြီးတစ်ဆယ့်နှစ်တပ် ထက်များပြားလှသောကောင်းကင်တမန်တို့ကို ငါ့ထံသို့စေလွှတ်တော်မူမည်ကိုသင်တို့မသိ ကြသလော။-
54. သို့ရာတွင်ငါဤသို့ပြုပါမူကျမ်းစာလာသည် အတိုင်းအဘယ်သို့လျှင်ဖြစ်ပျက်တော့မည်နည်း'' ဟုမိန့်တော်မူ၏။
55. ထိုနောက်ကိုယ်တော်ကလူပရိသတ်တို့အား``သင် တို့သည်ဋ္ဌားပြကိုဖမ်းသကဲ့သို့ငါ့ကိုဖမ်းရန် တုတ်များဋ္ဌားများနှင့်လာကြသလော။ ငါသည် နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်ထိုင်၍ဟောပြော သွန်သင်နေစဉ်အခါသင်တို့သည်ငါ့ကိုမဖမ်း မဆီးခဲ့ကြ။-
56. သို့သော်ဤအမှုအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင်ပရောဖက်များဟောကြားခဲ့ သမျှအတိုင်း အကောင်အထည်ပေါ်လာစေရန် ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော် ကိုစွန့်ပစ်၍ပြေးကြ၏။
57. သခင်ယေရှုကိုဖမ်းဆီးကြသောသူတို့သည် ကိုယ်တော်အားယဇ်ပုရောဟိတ်မင်းကယာဖ၏ ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ကျမ်းတတ် ဆရာများနှင့်ဘာသာရေးခေါင်းဆောင်များသည် ထိုအရပ်တွင်စုရုံးလျက်နေကြ၏။-
58. ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းတိုင်အောင်ကိုယ်တော် ၏နောက်ကလိုက်လာခဲ့၏။ ထိုနောက်ဝင်းထဲသို့ ဝင်၍ကိုယ်တော်၏အမှုမည်သို့အဆုံးသတ်မည် ကိုသိရှိနိုင်ရန် ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူထိုင်လျက်နေ၏။-