45. ``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။-
46. သူသည်မိမိတာဝန်ကိုသစ္စာရှိစွာဆောင်ရွက်နေ သည်ကိုသခင်ပြန်လာချိန်၌တွေ့ရလျှင်မင်္ဂလာ ရှိ၏။-
47. အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သခင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန်ထိုကျွန်အားအပ်နှင်းလိမ့်မည်။-
48. သို့ရာတွင်ထိုကျွန်သည်ကျွန်မိုက်ဖြစ်ပါမူ `ငါ့ သခင်ပြန်လာဦးမည်မဟုတ်။ ကြာပေဦးမည်' ဟု အောက်မေ့ကာ၊-