7. စျေးရပ်ကွက်တွင်အလေးပြုခြင်းကိုခံလို ကြ၏။ ဆရာတော်ဟုအခေါ်ခံလိုကြ၏။-
8. သို့ရာတွင်သင်တို့အားလုံးသည်ညီအစ်ကို များဖြစ်လျက် သင်တို့မှာဆရာတော်တစ်ပါး တည်းသာရှိသည်ဖြစ်၍ဆရာတော်ဟု အခေါ်မခံကြနှင့်။-
9. ဤလောကတွင်အဘယ်သူကိုမျှ `အဖ' ဟုမခေါ် ကြနှင့်။ သင်တို့တွင်ကောင်းကင်ဘုံရှင်အဖတစ်ပါး တည်းသာရှိ၏။-
10. သင်တို့သည်ခေါင်းဆောင်ဟူ၍လည်းအခေါ်မခံ ကြနှင့်။ သင်တို့တွင်မေရှိယတည်းဟူသောခေါင်း ဆောင်တစ်ပါးတည်းသာရှိ၏။-
11. သင်တို့အနက်အကြီးမြတ်ဆုံးဖြစ်သူသည် သင်တို့၏အစေခံဖြစ်ရမည်။-
12. မိမိကိုယ်ကိုချီးမြှောက်သူသည်နိမ့်ကျရလိမ့် မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ကိုခံရလိမ့်မည်။
13. ``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
14. (``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် မုဆိုးမများ၏အိမ်ရာပစ္စည်းများကိုမတရား သိမ်းယူကြပြီးနောက် လူအမြင်ကောင်းစေရန် ရှည်လျားစွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ ဤအကြောင်းကြောင့်သင်တို့သည်သာ၍ကြီး လေးသောအပြစ်ဒဏ်ကိုခံရလိမ့်မည်။'')
15. ``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတစ်ယောက် ကိုဘာသာသွင်းနိုင်ရန်သင်တို့သည်ရေကြောင်း၊ ကုန်းကြောင်းခရီးပြုကြ၏။ ဘာသာသွင်းပြီး သောအခါ၌လည်းထိုသူအားသင်တို့ထက် နှစ်ဆပို၍ငရဲသို့လားထိုက်သူဖြစ်စေကြ ၏။''
16. ``လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ `လူတစ်စုံတစ်ယောက်သည်ဗိမာန်တော်ကို တိုင်တည်၍ကျိန်ဆိုလျှင် ထိုကျိန်ဆိုချက်သည် အတည်မဖြစ်။ သို့သော်ဗိမာန်တော်၏ရွှေကို တိုင်တည်၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင်တို့ဆိုကြ၏။-
17. လူမိုက်တို့၊ သင်တို့၏မျက်စိသည်ကန်းလှသည် တကား။ အဘယ်အရာကပို၍အရေးကြီးပါ သနည်း။ ရွှေလော။ သို့မဟုတ်ရွှေကိုမြင့်မြတ် သန့်ရှင်းစေသည့်ဗိမာန်တော်လော။-
18. လူတစ်စုံတစ်ယောက်သည်ယဇ်ပလ္လင်ကိုတိုင်တည် ၍ကျိန်ဆိုလျှင်ထိုကျိန်ဆိုချက်သည်အတည် မဖြစ်။ ယဇ်ပလ္လင်ပေါ်ရှိပူဇော်သကာကိုတိုင်တည် ၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင် တို့ဆိုကြ၏။-
19. သင်တို့၏မျက်စိသည်ကန်းလှသည်တကား။ အဘယ်အရာကပို၍အရေးကြီးပါသနည်း။ ပူဇော်သကာလော။ သို့မဟုတ်ပူဇော်သကာကို မြင့်မြတ်သန့်ရှင်းစေသည့်ယဇ်ပလ္လင်လော။-