12. အချို့သောသူတို့တွင်မွေးစကပင်အိမ်ထောင် ပြုနိုင်ရန်စွမ်းရည်မပါမရှိကြ။ အချို့တို့မှာ လူတို့ကထိုစွမ်းရည်ကိုဖျက်ဆီးပစ်လိုက်သော ကြောင့်အိမ်ထောင်ပြု၍မရကြ။ အချို့မှာမူ ကောင်းကင်နိုင်ငံတော်၏အကျိုးကိုထောက်၍ အိမ်ထောင်မပြုဘဲနေကြ၏။ အိမ်ထောင်မပြု ဘဲနေနိုင်သူသည်အိမ်ထောင်မပြုစေနှင့်'' ဟု မိန့်တော်မူ၏။
13. လူအချို့တို့သည်ကလေးသူငယ်များအပေါ် လက်တော်တင်၍ကောင်းချီးပေးတော်မူစေရန် ကိုယ်တော်၏ထံသို့ခေါ်ခဲ့ကြ၏။-
14. သို့ရာတွင်တပည့်တော်တို့သည်ထိုသူတို့ကို အပြစ်တင်ကြ၏။ သခင်ယေရှုက ``ကလေး သူငယ်တို့ငါ့ထံလာကြပါစေ။ မဆီးတား ကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထို သို့သောသူတို့၏နိုင်ငံဖြစ်၏'' ဟုမိန့်တော် မူ၏။
15. ကိုယ်တော်သည်ကလေးသူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ကောင်းချီးပေးတော်မူပြီး နောက်ထိုအရပ်မှထွက်ကြွတော်မူ၏။
16. လူတစ်ယောက်သည်အထံတော်သို့လာ၍ ``ဆရာ တော်၊ ထာဝရအသက်ကိုရအံ့သောငှာအကျွန်ုပ် သည်အဘယ်ကောင်းမြတ်သည့်အမှုကိုပြုရ ပါမည်နည်း'' ဟုမေးလျှောက်၏။
17. ကိုယ်တော်က ``သင်သည်ကောင်းမြတ်သည့်အမှု နှင့်ပတ်သက်၍ငါ့အားအဘယ်ကြောင့်မေးသနည်း။ ကောင်းမြတ်သောအရှင်တစ်ပါးတည်းသာရှိ၏။ သင် သည်ထာဝရအသက်ကိုခံယူလိုလျှင်ပညတ်တော် တို့ကိုစောင့်ထိန်းလော့'' ဟုမိန့်တော်မူ၏။
18. ထိုသူက ``အဘယ်ပညတ်များပါနည်း'' ဟုလျှောက် လျှင်ကိုယ်တော်က ``လူ့အသက်ကိုမသတ်နှင့်။ သူ့အိမ် ရာကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သော သက်သေကိုမခံနှင့်။-
19. မိဘကိုရိုသေမြတ်နိုးလော့။ အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်လော့'' ဟုမိန့်တော်မူ၏။
20. ထိုလူငယ်ကလည်း ``အကျွန်ုပ်သည်ထိုပညတ် အပေါင်းကိုငယ်ရွယ်စဉ်အခါမှစ၍စောင့်ထိန်း ခဲ့ပါပြီ။ အကျွန်ုပ်တွင်အဘယ်အရာလိုနေပါ သေးသနည်း'' ဟုပြန်လည်လျှောက်ထား၏။
21. သခင်ယေရှုက ``သင်သည်အပြစ်ဆိုဖွယ်မရှိသူ ဖြစ်လိုလျှင်သွားလော့၊ သင့်ဥစ္စာရှိသမျှကိုရောင်းပြီး လျှင်ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤ သို့ပြုလျှင်သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရ လိမ့်မည်။ ထိုသို့စွန့်ကြဲပြီးမှငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူ၏။
22. သို့ရာတွင်ထိုလူငယ်သည်ဥစ္စာများစွာကြွယ်ဝသူ ဖြစ်သဖြင့်ကိုယ်တော်၏စကားကိုကြားသောအခါ စိတ်မချမ်းမသာဖြစ်လျက်ထွက်ခွာသွားလေ၏။