25. ထိုသူသည်ထိုအကြွေးကိုပေးဆပ်နိုင်စွမ်းမရှိ သဖြင့်မင်းကြီးကထိုသူနှင့်တကွသားမယား၊ ဥစ္စာပစ္စည်းရှိသမျှတို့ကိုရောင်း၍ပေးဆပ်စေ ရန်အမိန့်ချမှတ်တော်မူ၏။-
26. သို့ဖြစ်၍ထိုသူသည်မင်းကြီး၏ရှေ့တွင်ဝပ်တွား လျက် `အကျွန်ုပ်ကိုသည်းခံတော်မူပါ။ အကြွေး များပြေလည်အောင်ပေးဆပ်ပါမည်' ဟုလျှောက်၏။-
27. မင်းကြီးသည်သူ့ကိုသနားသဖြင့်အကြွေးများ ကိုစာရင်းမှပယ်ဖျက်ပြီးလျှင်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်၏။''
28. ``သို့ရာတွင်သူသည်ထွက်သွားသောအခါမိမိ အားအကြွေးငွေတစ်ရာပေးဆပ်ရန်ရှိသူကျွန်ချင်း တစ်ယောက်ကိုတွေ့လျှင် ထိုကျွန်၏လည်ကိုကိုင်ညှစ် ၍ `သင်ပေးဆပ်ရန်ရှိသောအကြွေးကိုပေးဆပ် လော့'' ဟုဆို၏။-
29. ထိုကျွန်သည်ဒူးထောက်လျက် `အကျွန်ုပ်ကိုသည်းခံ ပါ။ အကြွေးရှိသမျှကိုပေးဆပ်ပါမည်' ဟုတောင်း ပန်၏။-
30. သို့ရာတွင်ကြွေးရှင်သည်နားမထောင်ဘဲမိမိ၏ အကြွေးကိုပြေလည်အောင်မပေးမဆပ်မချင်း ထိုကျွန်ကိုအကျဉ်းချထားလေသည်။-
31. ထိုအခြင်းအရာကိုအခြားသောကျွန်ချင်းတို့ သိမြင်လျှင်လွန်စွာစိတ်ဆိုး၍ မိမိတို့၏အရှင် ထံသို့သွားပြီးလျှင်ဖြစ်ပျက်သမျှတို့ကို လျှောက်ထားကြ၏။-
32. ထိုအခါမင်းကြီးသည်ထိုကျွန်ကိုခေါ်၍`ဟယ် ကျွန်ယုတ်၊ သင်ငါ့ကိုတောင်းပန်သောအခါသင် ပေးဆပ်ရန်အကြွေးရှိသမျှကိုငါပယ်ဖျက် ခဲ့၏။-
33. သင့်ကိုငါသနားသကဲ့သို့သင်သည်လည်း ကျွန်ချင်းကိုမသနားအပ်သလော' ဟုဆို၏။-
34. မင်းကြီးသည်အမျက်ထွက်၍ထိုကျွန်ကိုအကြွေး မကျေမချင်းအကျဉ်းချထားလေ၏။''
35. ထိုနောက်သခင်ယေရှုကသင်တို့သည်ညီအစ်ကို အချင်းချင်းတစ်ယောက်၏အပြစ်ကိုတစ်ယောက် အမှန်တကယ်မဖြေမလွှတ်လျှင် ကောင်းကင်ဘုံ ရှင်ငါ၏အဖသည်လည်းသင်တို့၏အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်မဟုတ်'' ဟုမိန့်တော် မူ၏။