1. ထိုအခါတပည့်တော်တို့သည်သခင်ယေရှုထံ တော်သို့ချဉ်းကပ်၍ ``ကောင်းကင်နိုင်ငံတော်တွင် မည်သူသည်အကြီးမြတ်ဆုံးနည်း'' ဟုမေး လျှောက်ကြ၏။
2. ကိုယ်တော်သည်ကလေးသူငယ်တစ်ယောက်ကို ခေါ်ယူပြီးလျှင်တပည့်တော်တို့၏ရှေ့တွင် ရပ်နေစေတော်မူ၏။-
3. ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။-
4. ဤကလေးသူငယ်ကဲ့သို့စိတ်နှိမ့်ချသူသည် ကောင်းကင်နိုင်ငံတော်တွင်အကြီးမြတ်ဆုံး ဖြစ်လိမ့်မည်။-
5. ငါ၏နာမကိုထောက်၍ဤသို့သောကလေး သူငယ်တစ်စုံတစ်ယောက်ကိုလက်ခံသူသည် ငါ့ကိုလက်ခံ၏။
6. ``ငါ့ကိုယုံကြည်ကိုးစားသည့်ကလေးသူငယ် တစ်စုံတစ်ယောက်အားယုံကြည်ခြင်းပျက်ပြယ် စေသောသူမူကား လည်တွင်ကြိတ်ဆုံကျောက်ကြီး ကိုဆွဲလျက်ပင်လယ်နက်ထဲသို့အချခံရလျှင် သူ့အဖို့သာ၍ကောင်း၏။-
7. လူသားတို့အားယုံကြည်ခြင်းပျက်ပြယ်စေ သောအရာများရှိသည့်အတွက်လူသားတို့ သည်အမင်္ဂလာရှိကြ၏။ ယုံကြည်ခြင်းကိုပျက် ပြယ်စေသောအရာများကားမုချရှိမည်။ သို့ ရာတွင်ယုံကြည်ခြင်းပျက်ပြယ်မှုကိုဖြစ် စေသောသူသည်အမင်္ဂလာရှိ၏။
8. ``သင်၏ခြေသော်လည်းကောင်း၊ လက်သော်လည်း ကောင်းသင်၏ယုံကြည်ခြင်းကိုပျက်ပြယ်စေလျှင် ထိုခြေထိုလက်ကိုဖြတ်ပစ်လော့။ ထာဝရမီး ထဲသို့ခြေလက်အစုံနှင့်ကျရသည်ထက်ကိုယ် အင်္ဂါချို့တဲ့လျက်ထာဝရအသက်ရခြင်းက သာ၍ကောင်း၏။-
9. သင်၏မျက်စိသည်သင်၏ယုံကြည်ခြင်းကိုပျက် ပြယ်စေလျှင်ထိုမျက်စိကိုထုတ်ပစ်လော့။ ငရဲမီး ထဲသို့မျက်စိအစုံနှင့်ကျရသည်ထက်မျက်စိ တစ်လုံးချို့တဲ့လျက် ထာဝရအသက်ကိုရခြင်း ကသာ၍ကောင်း၏။
10. ``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။-
11. (လူသားသည်ပျောက်ဆုံးသူတို့ကိုကယ်တင် ရန်ကြွလာခြင်းဖြစ်၏။)
12. ``သင်တို့သည်အဘယ်သို့ထင်မှတ်ကြသနည်း။ လူတစ်ယောက်သည်မိမိမှာရှိသည့်သိုးတစ်ရာ အနက်တစ်ကောင်ပျောက်သွားလျှင်ကိုးဆယ် ကိုးကောင်ကိုတောင်ပေါ်စားကျက်တွင်ထားခဲ့ ပြီးလျှင်ပျောက်သောသိုးကိုလိုက်၍မရှာဘဲ နေပါမည်လော။-
13. ပျောက်သောသိုးကိုရှာ၍တွေ့သောအခါမပျောက် သည့်သိုးကိုးဆယ့်ကိုးကောင်အတွက်ရွှင်လန်းဝမ်း မြောက်သည်ထက် ထိုသိုးအတွက်ပို၍ရွှင်လန်း ဝမ်းမြောက်သည်ဟုသင်တို့အားအမှန်အကန် ငါဆို၏။-
14. ထိုနည်းတူစွာကောင်းကင်ဘုံရှင်သင်တို့၏အဖ သည်လည်း ဤကလေးသူငယ်တစ်စုံတစ်ယောက် ပျောက်ဆုံးလမ်းလွဲသွားသည်ကိုအလိုတော် မရှိ။