8. သို့ရာတွင်သူရဲဘောနည်းသူ၊ သစ္စာဖောက်သူ၊ စက် ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ လူသတ်သူ၊ အကျင့်ပျက် သူ၊ စုန်းအတတ်ဖြင့်ပြုစားသူ၊ ရုပ်တုကိုးကွယ်သူ၊ လိမ်လည်ပြောဆိုသူတို့သည်ကန့်မီးအိုင်ထဲသို့ ရောက်ရကြလိမ့်မည်။ ဤကားဒုတိယသေခြင်း ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
9. ထိုနောက်နောက်ဆုံးဘေးဒဏ်ခုနစ်ပါးဖြင့် ပြည့်သောခွက်ဖလားခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက်တစ်ပါး သည်ငါ့ထံသို့လာ၍``လာပါ။ သိုးသူငယ်၏ ဇနီးတည်းဟူသောမင်္ဂလာဆောင်သတို့သမီး ကိုသင့်အားငါပြမည်။'' ဟုဆို၏။-
10. ဝိညာဉ်တော်သည်ငါ့အပေါ်သို့သက်ရောက်တော် မူလျက်၊ ကောင်းကင်တမန်သည်ငါ့ကိုအလွန်မြင့် သောတောင်ထိပ်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့သက် ဆင်းလာသည်ကိုပြ၏။-
11. ထိုမြို့သည်ဘုရားသခင်၏ဘုန်းအသရေတော် နှင့်ထွန်းလင်း၍ကျောက်သလင်းသဖွယ်ကြည်လင် သည့်နဂါးသွဲ့ကျောက်မျက်ရတနာကဲ့သို့ အရောင်အဝါတောက်ပလျက်နေ၏။-
12. ထိုမြို့တွင်တံခါးပေါက်တစ်ဆယ့်နှစ်ပေါက်နှင့် မြင့်မားသောမြို့ရိုးကြီးရှိ၏။ ထိုတံခါးပေါက် တို့တွင်ကောင်းကင်တမန်တစ်ဆယ့်နှစ်ပါးစောင့် ၍ဣသရေလအမျိုးတစ်ဆယ့်နှစ်ပါးတို့၏ နာမည်များကိုတံခါးများပေါ်၌ရေးထား လျက်ရှိ၏။-
13. အရှေ့ဘက်တွင်တံခါးပေါက်သုံးပေါက်၊ မြောက် ဘက်တွင်သုံးပေါက်၊ တောင်ဘက်တွင်သုံးပေါက်၊ အနောက်ဘက်တွင်သုံးပေါက်ရှိ၏။-
14. မြို့ရိုးတွင်အုတ်မြစ်ကျောက်တစ်ဆယ့်နှစ်ခုရှိ၏။ ထိုကျောက်များအပေါ်တွင်သိုးသူငယ်တော်၏ တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏နာမည်များ ကိုရေးထားလျက်ရှိ၏။-