1. ထိုနောက်ကောင်းကင်မှဆင်းသက်လာသော အခြား ကောင်းကင်တမန်တစ်ပါးကိုငါမြင်ရ၏။ သူ့ မှာကြီးမားသည့်အာဏာစက်ရှိ၏။ သူ၏အရောင် အဝါသည်ကမ္ဘာမြေပြင်တစ်ဝန်းလုံးကိုထွန်း လင်းတောက်ပစေ၏။-
2. သူသည်အသံကျယ်စွာဖြင့်``ဗာဗုလုန်မြို့ကြီး သည်ပျက်သုဉ်းလေပြီ။ ဗာဗုလုန်မြို့ကြီးပျက် သုဉ်းလေပြီ။ ယခုထိုမြို့သည်နတ်မိစ္ဆာများ နှင့်ညစ်ညမ်းသောနတ်တို့နေထိုင်ရာ၊ စက်ဆုပ် ဖွယ်ကောင်းသည့်ငှက်ဆိုးတို့မှီခိုရာအရပ် ဖြစ်လေပြီ။-